မိုးနတ်ရှင် ကိုးရပ်ခွင် ညို့ညို့ဆိုင်းပါလို့ မို့မို့မှိုင်း ရွာဟန်ပြင် ပြိုးပြက် လျှပ်ဆင်---။ ယာတောလယ် တခွင် သာမောဖွယ် မယ်ခင်ကညာတို့ လယ်ပြင်မှာ ကောက်စိုက်တေးတွေနှင့် နောက်လိုက်သေး ပျော်ပျော်ရွှင်---။ ယောင်ကြီးနဲ့ မောင်ကြီး ရှင် မိုးရွာလျှင် ပျိုခင်မှာ စိုမှာစိုးတယ် ခါးဝတ်ကယ် ရွှေပုဆိုးရယ်နှင့် မိုး ကာလှဲ့ရှင်---တဲ့။ စိုးပါနဲ့ခင် တာဇံအသွင် သစ်ခက်တွေခါးမှာဆင်လို့ ပျိုမေခင် ဘဝင်ခိုက်အောင် ကွင်းလိုက်ကယ် မောင့်ပုဆိုးရယ်နှင့် လိုက်ကာလို့ မိုးပါ့မယ် ကဲ--ရွာစမ်းဟဲ့ မိုး---။ ။ သန်းစိန် | ![]() |
23.7.09
ရွာစမ်းဟဲ့မိုး
Subscribe to:
Post Comments (Atom)
6 comments:
မိုးရွာရင်-မိုးရေထဲထွက်ပြီးလမ်းလျှောက်ချင်တယ်-
သိပ့်ပြီးမရွာခိုင်းပါနဲ့ ဗျာ-မိုးရွာရင် ပန်းခရေ ပန်းတွေ
အများကြီးကြွေကျလို့ မိုးရွာရင်ခရေပန်းကလေးတွေ
သေကုန်တယ် သူချစ်တဲ့အပင်ကြီးကနေ အမြန်ဆုံးခွဲခွါ
ခံရလို့ သနားတယ်-ဆရာက ရွာစမ်းဟဲ့ မိုးဆိုပြီးအတင်း
ရွာခိုင်းထားတော့ ခရေ ပွင့် ကလေးတွေ အပင်ကြီးနဲ့ 
မခွဲချင်ခွဲချင်ခွဲရတော့ မယ်ဗျ-----
ကဗျာက အားမာန်အပြည့်ပါလား........... :)
ကျေးလက်ဒေသ ကဗျာလေးကို ခံစားသွားပါတယ်ဗျာ။ ဒါမျိုးလေးတွေ မခံစားရတာ ကြာပေါ့ဗျာ။
ကျေးဇူးတင်စွာဖြင့်
yu ya
ကဗျာလေး..ဖတ်လို့ ကောင်းတယ်..နော်
ချွတ်ပါနဲ့ ရှင်
ခလောက်ဆံ နောက်တဖန် မမြင်ဝံ့လို့
အကျောက်အကန် မှောက်လှန်ဆင်ခြင်သင့်ပါ့
မယ့် မောင်ကြီးရှင့်။
မုတ်သုန်(ယောရပ်ရွာ)
Post a Comment